Posts

Showing posts from December, 2020

အထည်ကို ပြန်ကျိုပြီး ဒီဇိုင်းအသစ်လုပ်ရင် အရည်အသွေးပြောင်းသွားသလား?

Image
ရွှေဗဟုသုတလေးတစ်ခုဖြစ်တဲ့ ရွှေထည်လက်ဝတ်ရတနာလေးတွေကို ဒီဇိုင်းသစ်တစ်တစ်ခုပြုလုပ်မည်ဆိုရင် မိမိတို့ရွှေကိုပဲ ပြန်လုပ်ရင် အဆင်ပြေနိုင်မလား? ဒီလိုလုပ်လိုက်ရင် ရွှေရည်အပြောင်းအလဲဖြစ်သွားမလား ဆိုတဲ့ မေးခွန်းတွေမေးမိကြမှာပါ။ ဒီအတွက် အထည်ကို ဒီဇိုင်းအသစ်ပြုလုပ်ပုံ အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ မိမိတို့ရွှေထည် ပစ္စည်းလေးတွေကို ဒီဇိုင်းရိုးသွားလို့ မဝတ်ချင်တော့တဲ့အခါ ဒီဇိုင်းသစ်တစ်ခု ပြန်လည်ပြုလုပ်တတ်ကြပါတယ်။ မိမိတို့မှာရှိတဲ့ ၁၅ပဲရည် ရွှေဆွဲကြိုးကို အခြားဒီဇိုင်းသစ်တစ်ခု ပြန်လုပ်မည်ဆိုလျှင် ထိုဆွဲကြိုးတစ်ခုလုံးကို အရည်ပြန်ကျိုရပါတယ်။ အထည်လေးရဲ့ ဒီဇိုင်းနဲ့ ဂဟေနည်းတာများတာပေါ်မူတည်ပြီးတော့ ရွှေရည်ကွာဟချက်များဖြစ်နိုင်တဲ့အတွက် မူလရွှေရည်တော့ ပြန်မရနိုင်ပါဘူး။ ဥပမာ- ရွှေမောင်းကွင်းကျစ်ထည်လေးတွေမှာဆိုရင် ဂဟေတစ်ချက်ပဲဆက်တာဖြစ်တဲ့အတွက် ပြန်ကျိုတဲ့အခါမှာ ရွှေရည်အနည်းငယ်ပဲ ကျနိုင်ပြီး အပွထည်ကြိုးတွေနဲ့ ကွင်းဆက်များတဲ့ ကြိုးများမှာတော့ ရွှေရည်ပိုကျသွားနိုင်ပါတယ်။ အထက်မှာပြောသွားတဲ့အတိုင်း ဂဟေဆက်နည်းများပေါ်တွင် မူတည်ပြီးလည်း အထည်ပြန်ကြိုရာမှာ ရွှေရည်ပြောင်းလဲနိုင်တဲ့အတွက် ပန်းထိမ်ဆရာသုံးတဲ့ ဂဟေန...

မြ

Image
မြ သည် မျက်ရွှဲ (ခေါ်) ဘယ်ရယ် အုပ်စုဝင် တွင်းထွက်ကျောက် အမျိုးအစားတစ်ခုဖြစ်ပါသည်။ ဓာတုဗေဒဖွဲ့စည်းမှုအားဖြင့် ဘယ်ရယ်လီယံ အလူမီနီယံ ဆီလီကိတ် တွင် ခရိုမီယံဒြပ်စင် အနည်းငယ် ပါဝင်နေခြင်းဖြစ်ပြီး မာဆင့်အားဖြင့် ၇.၅ ရှိပါသည်။ သိပ်သည်းဆ ၂.၇၁ ရှိကြပြီး ဖန်ရောင်လက်တောက်ပမှုမျိုးရှိကြကာ ပုံဆောင်စနစ်မှာ ဆဌဂုဏ်စနစ်ဖြစ်ပါသည်။တွဲဖက်ပါဝင်သော ဓာတုဒြပ်စင်အမျိုးအစားကွဲပြားပေါ်မူတည်၍ ပတ္တမြား၊ နီလာ တို့ကဲ့သို့ပင် အရောင်များပြောင်းလဲ ခြားနားသွားတတ်ကြခြင်းဖြစ်သည်။ အရောင်မဲ့= ဂိုရှန်နိုက်( Goeshenite) အစိမ်းရောင်= မြ (Emerald) အပြာဖျော့ရောင်=မြပြာ(ခေါ်)အကွာမရင်း (Aquarmarine) အဝါရောင်= ဟီလီယိုဒေါ (Heliodor) ပန်းရောင်= မော်ဂန်နိုက် (Morganite) အနီရောင်= ဘိဇ်ဘိုက် (Bixbite) ကျောက်သားအနေအထား မြ ၊ မျက်ရွှဲ အုပ်စုဝင်များ၏ ထူးခြားသော ကျောက်သားအနေအထားမှာ မာဆင့်မြင့်မားသော်လည်း အလွန်ကြွတ်ဆတ်သောကြောင့် အလွန်ပင် ကျိုးပဲ့လွယ်လွန်းခြင်းဖြစ်သည်။ ထို့အပြင် ကျောက်သားအတွင်းတွင် အခြားသော အောင်းဝင်များ များပြားစွာ ပါဝင်လေ့ရှိတတ်သောကြောင့် ကြည်လင်သော ကျောက်မျက်ရတနာတန်းဝင်သည့် ကျောက်ကောင်းများ ရှားပါးတတ်ပါသည်။ ထွက်ရှိရာ ဒေသများ...

ယောကျ်ားလေးတို့ ကြိုက်နှစ်သက်စေမယ့် လက်ထပ်လက်စွပ် (၅) မျိုး

Image
ယောကျ်ားတို့ထုံးစံအတိုင်း လက်ထပ်လက်စွပ်ရွေးချယ်မယ်ဆိုရင် ရိုးရိုးရှင်းရှင်းလေးတွေပဲကြိုက်နှစ်သက်ကြတာများပါတယ်။ လက်ဝတ်ရတနာတွေဆင်မြန်းထားတဲ့လက်စွပ်မျိုးကိုမဝတ်ဆင်ချင်ကြပါဘူး။ ဒီတော့ မင်္ဂလာဆောင်မယ့်သတို့သားလောင်းတို့အတွက် အဆင်အပြေဆုံးဖြစ်စေမယ့် လက်ထပ်လက်စွပ် (၅) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။ ရှုပ်ထွေးတဲ့ဒီဇိုင်းတွေမကြိုက်တဲ့ယောင်္ကျားလေးတွေအတွက် ဒီလိုပုံစံလက်စွပ်အမျိုးအစားတွေထဲက ရွေးချယ်ခြင်းက အဆင်ပြေစေမှာပါ။ (၁) ရိုးရှင်းတဲ့မောင်းကွင်း ဒီလိုရိုးရှင်းတဲ့မောင်းကွင်းလေးတွေကတော့ ယောင်္ကျားလေးအများစုကြိုက်နှစ်သက်ကြတဲ့ပုံစံပါ။ အပြင်ဘက်မျက်နှာပြင်ရဲ့ချောမွေ့တဲ့အသွင်အပြင်ကြောင့်လည်း လူကြိုက်များခြင်းဖြစ်ပါတယ်။ ဒီလိုမောင်းကွင်းလေးတွေကိုတော့ ပလက်တီနမ်(သို့)ရွှေ ထဲကမှကိုယ်ကြိုက်နှစ်သက်တဲ့ လက်ဝတ်ရတနာနဲ့ပြုလုပ်ဝတ်ဆင်လို့ရပါတယ်။ (၂) မောင်းကွင်းအပါးလေးတွေ မောင်းကွင်းတွေထဲကမှ ဒီလိုအပါးလေးတွေကိုလည်း ဝတ်ဆင်ရတာသက်တောင့်သက်သာရှိတဲ့အတွက် ယောင်္ကျားလေးတွေစိတ်ဝင်စားကြပါတယ်။ လက်စွပ်ဝတ်တဲ့ လက်ဆစ်ဧရိယာရဲ့ သုံးပုံတစ်ပုံလောက်ကိုသာ နေရာယူထားတဲ့ ဒီလိုလက်စွပ်လေးတွေက ဝတ်ထားတယ်လို့မခံစားရလောက်အောင်ကို သက်တောင့်သက်သာရှိစ...

နဝရတ် ကိုးပါး

Image
နဝရတ် ကိုးပါး ဆိုသည်မှာ ကျောက်မျက်ရတနာ ကိုးမျိုးကို ခေါ်ဆိုပါသည်။ နဝရတ်ဟူသည် နဝရတနဟူသော ပါဠိမှလာ၍ ရတနာကိုးပါးဟု အနက်ရသည်။ နဝရတ် ကိုးပါးချယ်ထားသော လက်စွပ်ကို နဝရတ်လက်စွပ် ဟုခေါ်သည်။ ကဝိလကဏာ သတ်ပုံကျမ်းတွင်  မျက်စုံလည်းသတ်၊ နဝရတ်၊ စီခတ်အမွန်းတင်  ဟုတွေ့ရသည်။ လူတို့သည် နဝရတ်လက်စွပ်ကို ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟု ယုံကြည်၍ ဆင်ယင်လေ့ရှိသည်။ ရှေးပဝေသဏီကပင် ကျောက်မျက်များ၏ ထူးခြားသော တန်ခိုးများ ရှိသည်ဟု လူတို့ အယူရှိခဲ့ကြသည်။ နဝရတ်တွင် အပါအဝင် ကျောက်မျက်ရတနာ တစ်ပါးပါး၏ တန်ခိုးအာနိသင်မှာ အောက်ပါအတိုင်း ဖြစ်သည်ဟု ယူဆကြသည်။ ပတ္တမြား ဘုန်းတောက်၊ မြ ကျောက် အေးချမ်း စိန် စွမ်းဂုဏ်ရောင်၊ ကြောင် ကား သိဒ္ဓိ မဏိ နီလာ - မေတ္တာကဲချုပ်၊ ဂေါ်မိတ် ခွန်အား ဥဿဖယား ကျန်းမာ၊ သန္တာ ကြီးကဲ ပုလဲ ကျက်သရေ၊ ဂုဏ်ကိုးဝေသည် ကိုးထွေ နဝရတ် စွမ်းရည်တည်း။ နဝရတ် ကိုးပါး (THE ESTEEMED NINE-GEMS) နဝရတ်ကိုးပါးစီထားသော ရတနာပုံခေတ် ကွမ်းအစ် နဝရတ်လက်စွပ်သည်  မြန်မာ လက်ထပ် ထိမ်းမြားခြင်း တွင် ရွှေခွက်(သို့)ငွေခွက်ထဲတွင် နဝရတ် ကိုးပါး၊ နံသာမျိုး ငါးပါး သွေး၍ (သို့မဟုတ်) သဘာဝရေမွှေးများထည့်၍ သတို့သား၊ သတို့သမီးတို...

ပတ္တမြားငမောက်

Image
မြန်မာဘုရင်များအဆက်ဆက်တွင် အထွဋ်အမြတ်ထားခဲ့သော ပတ္တမြားငမောက် ကျောက်မြတ်ရတနာကို မိုးကုတ်ပတ္တမြားနယ်မြေအတွင်း အင်းခေါင်းမှ ရရှိသည်။ ၎င်းကျောက်ကို အင်ကြင်းတောင်နှင့် ကျောက်ဆောင်လူးတော်များမှ ရသည်ဟုလည်း မူကွဲလျှက်ရှိသည်။ ရရှိပုံ ရရှိပုံမှာ ချင်းတွင်းနယ်သားဖြစ်သော ငမောက်ဆိုသူသည် မိုးကုတ်နယ်မြေတွင် လာရောက်ပြီး လယ်ယာစိုက်ပျိုးနေထိုင်ရာ၊ တစ်ညသောအခါ မိမိခြံအတွင်းမှ ပြိုးပြိုးပျက်ပျက် အရောင်တလက်လက်နှင့် ထူးဆန်းတောက်ပ နေသည်ကို မြင်ရသဖြင့် သွားရောက်ကြည့်ရှုလေသော် အလွန်တရာလှပသော ကျောက်နီ ပတ္တမြားကြီး တစ်လုံးကို တွေ့ရှိလေသည်။ ငမောက်လည်း ဝမ်းသာစွာ ကောက်ယူခဲ့ပြီးနောက် သိမ်းဆည်းထားရာမှ ၂ပိုင်းခွဲပြီးလျှင် တစ်ပိုင်းကို ယောက်ဖဖြစ်သူ မောင်ရွှေအား တရုတ်ပြည်ဘက်သို့ ရောင်းရန်စေလွှတ်လိုက်ပြီးနောက်၊ ကျန်တစ်ပိုင်းကို သက္ကရာဇ် ၁၀၂၃ခု၊ ငါးထပ်ကြီးဒါယကာ ပင်းတလဲမင်း လက်ထက် အင်းဝမြို့တော်သို့ သွားရောက် ဆက်သရာ ဘုရင်မင်းမြတ်လည်း များစွာနှစ်သက်အားရ ဝမ်းမြောက်လှသဖြင့် ငမောက်အား ဆုတော်ငွေများ ပေးသနားတော် မူလိုက်လေသည်။ ထို့ကြောင့် ထိုပတ္တမြားကို ငမောက်ဆိုသူ ဆက်သသဖြင့် ငမောက်ပတ္တမြား ဟု ထင်ရှားကျော်စောလေသည်။ တရုတ်ပြည်သို့ ...

ကျောက်မျက်ရတနာ အတု၊ အစစ် ခွဲခြားကြည့်ရအောင်

Image
ကျောက်ကောင်း တစ်ပွင့်ကို ဝေခွဲရခက်နေလျှင် အတုအစစ်ခွဲခြားနည်း ကျွန်တော်တို့ဟာ သာမန်ရွှေဆိုင်တွေမှာ တွေ့ရလေ့ရှိတဲ့ ကျောက်အနီအပြာ ရောင်စုံလေးတွေကို သဘာဝကျောက်လိုလို ထင်မှတ်ဖူးကြပါတယ်။ တကယ်တမ်းမှာတော့ . . . အများအားဖြင့် တွေ့မြင် ဝယ်ယူမိကြတာက ချက်ကျောက်လို့ ခေါ်တဲ့ သဘာဝမဟုတ်တဲ့ ကျောက်အတုတွေများပါတယ်။ ဘာတန်ဖိုးမှ မရှိတဲ့ ကျောက်အတုတွေ ကြားကနေ သဘာဝ ကျောက်မျက် ရတနာအစစ်ကို ရှာဖွေဝယ်ယူနိုင်ဖို့ အချက်အလက်တွေ သိရှိထားဖို့လိုပါပြီ။ သဘာဝကျောက်မျက်ရတနာ အစစ်ဟာ အင်မတန် ရှားပါးလာပါပြီ။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံက ထွက်တဲ့ သယံဇာတဖြစ်တဲ့ သဘာဝတွင်းထွက် မိုးကုတ် ပတ္တမြားနဲ့ နီလာဟာဆိုရင် အရည်အသွေးကောင်းလွန်းလို့ရှားပါး လွန်းလို့ နာမည်ရနေတဲ့ တန်းဝင်ကျောက်တွေပါ။ တွေ့နေမြင်နေကျ. . .ချက်ကျောက် (သို့မဟုတ်) အပူပေး / အရောင်ပြောင်း / ဆေးသွင်းထားတဲ့ Imitation တွေထဲကနေ. . . . သဘာဝတွင်းထွက် ကျောက်မျက်အစစ်ကို ရွေးချယ်ဝယ်ယူနိုင်ဖို့ အတုနဲ့ အစစ် ကွာခြားချက်တွေကို ပြောပြချင်ပါတယ်။ အမှတ်စဉ် (1) ကျောက်အမျိုးမျိုးကို အစစ်လို့ထင်ရလောက် အောင် ချက်လုပ်/ဖန်တီး ရောင်းချနေကြပြီမို့။ အတုနဲ့အစစ် ခွဲခြား သိနိုင်ဖို့ အချက်အလက် တချိ...

စိန်များ ဘယ်လိုဖြစ်ပေါ်သလဲ

Image
စိန်များဟာ လွန်စွာကြီးမားတဲ့ ဖိအားဒဏ်ကို ခံထားရသူတွေဖြစ်ပါတယ်။ ကာဗွန်ခြင်းအတူတူ အနည်းငယ်သာ ဖိအားခံခဲ့ရသူက မီးသွေးဖြစ်ပြီးတော့ များစွာသော ဖိအားကို ခံခဲ့ရသူက စိန်ဖြစ်တယ်ဆိုပြီးတော့ ပြောစမှတ်ရှိပါတယ်။ တကယ်တော့ စိန်များဆိုတာဟာ ကမ္ဘာကြီးရဲ့ မိုင်ပေါင်း ရာဂဏန်းချီအောင် နက်တဲ့ mantle အလွှာအတွင်း မှာ နှစ်ပေါင်း ဘီလီယံချီပြီး ဖိအားဒဏ်ကို ခံခဲ့ပြီးနောက် ဖြစ်လာတဲ့ mutant rock များပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သာမန်ကာဗွန်အစိတ်အပိုင်းတစ်ခုကို စိန်တစ်ခုအဖြစ် သွင်ဆောင်ခဲဖြစ်သွားစေဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားရမှာဖြစ်ပြီး သိပ္ပံပညာရှင်များဟာ အခုထိ အဆိုပါ ပုံဆောင်ခဲများကို စမ်းသပ်ခန်းအတွင်း မတီထွင်နိုင်သေးဘူးဖြစ်ပါတယ်။ ပြီးတော့ သူတို့ သဘာဝအတိုင်းဖြစ်တည်လာပုံများနဲ့ပတ်သတ်ပြီးလဲ မရှင်းလင်းသေးဘူးဖြစ်ပါတယ်။ များစွာသော သီအိုရီများထဲက တစ်ခုကတော့ စိန်များဟာ သမုဒ္ဒရာကမ်းခြေမှာရှိတဲ့ ကမ္ဘာကျောက်ချပ်လွှာကြီးများ တစ်ခုနဲ့တစ်ခုရွေ့လျားတဲ့ subduction zone များမှာ အခြေခံတယ်လို့ ဆိုပါတယ်။ ကျောက်ချပ်လွှာကြီးများရွေ့လျားတဲ့အချိန်မှာ သမုဒ္ဒရာကြမ်းပြင်မှ minerals များဟာ အောက်အတွင်းကို တိုးဝင်ပြီး ကမ္ဘာ့မျက်နှာပြင်...

မြန်မာ့ကျောက်မျက် အရောင်အသွေး (စိန်၊ ပတ္တမြားနဲ့ နီလာ)

Image
စိန်ရဲ့ အရောင်အသွေးတွေနဲ့ မြန်မာ့ အဖိုးတန်ကျောက်မျက်ဖြစ်တဲ့ ပတ္တမြားနဲ့ နီလာတွေရဲ့ အရောင်အသွေးနဲ့ ပတ်သက်တဲ့ ပရိယါယ်တွေကို GSC ကျောက်မျက် သင်တန်းကျောင်းက ကျောက်မျက်ပညာရှင် ဦးတင်ကျော်သန်းက ပြောပြပေးမှာပါ။ စိန်ဟာ အရောင်အသွေးအမျိုးမျိုး ရှိပါတယ်။ စိန်ရဲ့ အရောင်ကို ဘယ်လိုစံသတ်မှတ် ခွဲခြားပါသလဲ။ စိန်အများစုက အဝါရည် ဆွတ်တာကိုး။ အဝါရည် နဲလေ တန်ဖိုး ကြီးလေပဲ၊ ဖြူဆွတ်လေ တန်ဖိုးကြီးလေပါပဲ။ အရမ်းဖြူတဲ့ စိန်ကို exceptional white ချွင်းချက် အနေနဲ့ကို ဖြူတာမျိုးပါ။ အမေရိကန်က GIA ရဲ့ စံနစ် အတိုင်းဆို D- grade လို့သတ်မှတ်ပါတယ်။ သူက အကောင်းဆုံးကို D လို့ သတ်မှတ်ပါတယ်။ alphabetical order စာစဉ်အတိုင်း သတ်မှတ်တာပါ။ D- E- F- G ဆိုပြီး စသဖြင့် သတ်မှတ်ပါတယ်။ အဲဒီမှာ D ကတော့ exceptional white မှာမှ plus + ပါ။ ဒါကတော့ နဂိုက ဥရောပက သတ်မှတ်ထားတဲ့ စံပါ။ တကယ့်ကို ချွင်းချက်နဲ့ကို ဖြူဖွေးသောစိန်ပေါ့။ အဲဒီ D- grade ကတော့ အကောင်းဆုံးပါ။ အဲဒီ D တို့ E တို့ F တို့ ကို ခွဲမယ်ဆိုရင် master stone လို့ ခေါ်တဲ့ စံကျောက်တွေ ရှိဖို့လိုပါတယ်။ အဲဒီစံကျောက်တွေနဲ့ နှိုုင်းယှဉ်ပြီး အရောင် အဆင့် color grade ကိုခွဲတာပါ။ GIA ကိုတော့ အ...

ကျောက်မျက် ရတနာတို့၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ

Image
ကျောက်မျက်ရတနာဟု သတ်မှတ်နိုင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာအင်္ဂါရပ်များစွာလိုအပ်သည်ဟု ဆိုနိုင်ပါသည်။ ၎င်းတို့မှာ- အရောင် (Colour) မာခြင်း (Hadness) ကြံ့ခိုင်ခြင်း (Toughness) ကွဲအင် (Cleavage) အက်ရာ (Fracture) သိပ်သည်းဆ (Specific Gravity) အပူစီးနိုင်မှု (Thermal Conductivity) ဓါတုပစ္စည်းများကို ခံနိုင်ရည်ရှိမှု) အလေးချိန် ယူနစ်များ (Units of Weight) တို့ဖြစ်ကြပါသည်။ အရောင် အရောင်သည် ကျောက်မျက်ရတနာတို့အတွက် လှပခြင်းဟူသော စွမ်းရည်ကို ပေးပါသည်။ ကျောက်မျက်အတန်းစား၊ အရည်အသွေးနှင့် တန်ဖိုးအနည်းအများကို ဆုံးဖြတ်ပေးသော အဓိကကျသည့် အချက်ဖြစ်သကဲ့သို့ ကျောက်မျက်အမျိုးအစား ခွဲခြားရေး၌လည်း အဆုံးအဖြတ်ပေးသည့် အရေးကြီးအချက်တစ်ခုဖြစ်ပါသည်။ ဥပမာအားဖြင့် ပတ္တမြား=အနီရောင်(ခိုသွေးရည်) ၊ နီလာ= အပြာရောင်(ကတ္တီပါရည်) ၊ မြ=အစိမ်းရောင် .. စသည်ဖြင့် မာခြင်း တွင်းထွက်အများစုတို့သည် တိုက်ခိုက်ထိုးခြစ်ခြင်းကို ခံနိုင်ရည်ရှိသည့် မာခြင်းမျိုးရှိကြသည်။ စံသတ်မှတ်ထားသည့် တွင်းထွက်များ၏ မာခြင်းနှင့် နှိုင်းယှဉ်ခြင်းဖြင့် တွင်းထွက်တစ်မျိုး၏ မာခြင်းအဆင့်ကို သိနိုင်ပေသည်။ထင်ရှားသည့် မာဆင့်စံနှုန်းများမှာ- မိုး စံနှုန်း (ခေါ်) ...

ကျောက်မျက် ရတနာ

Image
ကျောက်မျက်  ရတနာ   (Gems) တို့ကို ရှေးကမ္ဘာဦး လူသားများ အရိုင်းဘဝမှ အယဉ်ဖြစ်စကတည်းက စတင် သုံးစွဲခဲ့ကြကြောင်းကို လေ့လာတွေ့ရှိရသည်။ သမိုင်းမတိုင်မီက အဓိကအားဖြင့်   ပုတီး စေ့များ၊ အရောင်ရှိ ကျောက်များကို မသွေးပဲ မူလပုံအတိုင်း   လူ့ခန္ဓာကိုယ် တွင် အလှဆင်ခြင်းဖြင့် သုံးစွဲခဲ့ကြပြီး ယဉ်ကျေးမှု မြင့်မားလာသည့်အလျောက် ဤကျောက်မျက် အလှဆင်သည့် ဖက်တွင်လည်း ပညာရပ်များ (ဒေသအလိုက်) တိုးတက်လာခဲ့သည်။ အလှဆင်ရာတွင် အမြတ်တနိုး တန်ဖိုးထားကာ အဓိက သုံးစွဲကြသည်များမှာ ကျောက်မျက်တွင်းထွက်များသာ အများဆုံးဖြစ်သည်။ သို့ဖြစ်လေရာ အဆိုပါ ကျောက်မျက်များမှာ သဘာဝ မိခင်ကမ္ဘာမြေကြီးက လူသားတို့အတွက်ပေးသော လက်ဆောင်ဖြစ်သည်ဟု ချီးမွမ်းပြောဆိုလျှင် လွန်အံ့မထင်ပေ။ ယခုခေတ်တွင် ပညာရှင်များ ၊ကုန်သည်များက သွေးပြီး အရောင်တင်ထားသည့် တန်ဖိုးတစ်စုံတစ်ရာရှိသည့် တွင်းထွက်များကို ကျောက်မျက်ရတနာ အဖြစ် သတ်မှတ်ကြသည်။ ထို့ပြင် လှပခြင်း မာကျောခိုင်ခံ့ခြင်း ရှားပါးခြင်း အများလက်ခံနိုင်ခြင်း ဂုဏ်အင်များ ပါရှိမှသာလျှင် ရတနာတန်းဝင်ကျောက်ဟု အသိအမှတ်ပြုကြသည်။ ကျောက်မျက်နှစ်မျိုး ကမ္ဘာပေါ်ရှိ ကျောက်မျက်များကို အဓိကအားဖြင့်  ဇီ...