စိန် - Diamond
စိန်ကိုတော့ တန်ဖိုးကြီးလက်ဝတ်ရတနာတစ်ခုအဖြစ်သတ်မှတ် ဝတ်ဆင်ကြပါတယ်။ ဒါပေမယ့် တကယ်က 20% ကိုသာ လက်ဝတ်ရတနာအဖြစ်ဝတ်လို့ရပြီး 80% ကတော့မရပါဘူး။ စိန်ရဲ့အကြောင်းကို သေသေချာချာရှင်းပြရရင် အများကြီးပါပဲ။ အခုတော့ စိန်တွေရဲ့အကြောင်းကို အနည်းငယ် ဖော်ပြသွားပါမယ်။
သဘာဝစိန်ဖြစ်လာဖို့အတွက် ကမ္ဘာမြေကြီးရဲ့ အနက်တစ်နေရာမှာ အလွန်အားပြင်းတဲ့ pressure နဲ့ heat လိုပါတယ်။ တိကျတဲ့အခြေအနေတစ်ခုအရောက်မှာတော့ တကယ့်သဘာဝစိန်တွေဖြစ်ပေါ်လာတာပါပဲ။ အမြင့်ဆုံး carbon တွေလောင်ကျွမ်းနိုင်တဲ့ ပမာဏက 45 and 60 kilobars ကြားမှာဖြစ်ပြီး အနိမ့်ဆုံးလောင်ကျွမ်း ပမာဏကတော့ 900’C and 1,300 ‘C ကြားဖြစ်ပါတယ်။ ဒီအခြေအနေ ၂ခုကိုတော့ lithospheric mantle လို့ခေါ်တဲ့ ကမ္ဘာမြေကြီးရဲ့ အပေါ်ဆုံး ကြားလွှာမှာတွေ့နိုင်ပြီးတော့ ဥက္ကာခဲတွေနားမှာလည်းတွေ့ရနိုင်တယ်။ အရင်က လူတွေက မီးတောင်အနီးအနားတစ်ဝိုက် ဒါမှမဟုတ် ဥက္ကာခဲတွေကြားမှာ စိန်တွေကို တွေ့ခဲ့ပါတယ်။ တခါတလေမှာတော့မြေကြီးပေါ်မှာတင်တွေ့ရတတ်ပါတယ်။ အာဖရိကလိုနေရာမျိုးမှာတော့ မြေအောင်မိုင်းတွေထဲမှာတွေ့နိုင်ပါတယ်။ ဒါပေမယ့် စိန်ကိုစတွေ့ခဲ့တာကတော့ အိန္ဒိယမှာပါ။
စိန်ဟာ တခြားသတ္တုတွေနဲ့ယှဉ်ရင် အရမ်းမာကျောတာဖြစ်တဲ့အတွက်ကြောင့် သူ့ကို jewelry အဖြစ်ဝတ်ဆင်တာထက် ဖြတ်တောက်တဲ့နေရာမှာ၊ polish တင်တဲ့နေရာတွေမှာ ကိရိယာတစ်ခုအနေနဲ့ စက်ရုံတွေမှာ အသုံးပြုတာများပါတယ်။ သူ့ရဲ့အရောင်တွေကတော့ အမျိုးမျိုးရှိပါတယ်။ အတော်များများကတော့ ကြည်လင်တဲ့အရောင်ရှိပေမယ့် တခါတလေမှာ အဝါ၊အနီ၊အပြာ၊အစိမ်း နဲ့ ပန်းရောင် စတဲ့ fancy ဖြစ်တဲ့အရောင်တွေလည်းရှိပါတယ်။ Electrical insulator အဖြစ်အသုံးဝင်လွန်းတဲ့အပြင် အပူလျှောက်ပစ္စည်းအနေနဲ့လည်း အသုံးပြုလို့ရပါတယ်။
စိန်ဟာ vacuum သို့မဟုတ် အောက်ဆီဂျင်မရှိတဲ့လေထုရဲ့ 1,700’C အထက်မှာ graphite အဖြစ်ပြောင်းလဲနိုင်ပြီး လေထဲမှာဆိုရင်တော့ 700’C မှာစပြီးပြောင်းလဲနေပါပြီ။ စိန်ရဲ့ လောင်ကျွမ်းနိုင်တဲ့ အမှတ်က အောက်ဆီဂျင်မှာဆို 720-800’C ဖြစ်ပြီးလေထဲမှာ 850-1000’C ဖြစ်ပါတယ်။ ပုံမှန်စိန်တွေမှာဆိုရင်တော့သူ့ရဲ့ သိပ်သည်းမှုက 3.15 ကနေ 3.53 g/cm3 ထိရှိပြီး စိန်ပိုစစ်ရင်တော့ 3.52 g/cm3 လောက်အထိ သိပ်သည်းမှုရှိလာပါတယ်။ ဒါပေမယ့် စိန်ထဲမှာရှိတဲ့ carbon atomတွေက graphite ထဲမှာရှိတဲ့ carbon တွေထက်ပိုအားနည်းပါတယ်။ စိန်ထဲက carbon တွေက 3D ပုံစံဖြစ်ပြီးတော့ graphite ထဲက carbonတွေက တစ်ခုနဲ့တစ်ခုပိုပြီးနီးကပ်စွာတည်ရှိနေတာကြောင့်ပါ။ ဒါနဲ့ပဲတော့ graphite က စိန်ထဲပိုမာတယ်လို့တော့လည်းမဆိုနိုင်ပါဘူး။
ဒါဆိုရင် စိန်တွေက ဘယ်လောက်ထိ မာကျောသလဲ?
စိန်ရဲ့မာကျောမှုက စိန်ဘယ်လောက်စစ်မစစ်ပေါ်မှုတည်တယ်လို့ အလွယ်ဆိုလို့ရပါတယ်။ ဒါတင်မကသေးပဲ စိန်ထဲမှာပါတဲ့ crystal တွေရဲ့ တည်ဆောက်ဖြစ်တည်ပုံ၊ အရည်အသွေး၊ အပြစ်အနာ တွေပေါ်လည်းမှုတည်ပါသေးတယ်။အနာအဆာမရှိတဲ့ crystal တွေဟာ 111 direction (ဒါဟာ စိန်ထဲမှာတည်ရှိနေတဲ့ crystal တည်ဆောက်ပုံအရှည်ဆုံး) ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုစိန်ကို ခြစ်မိဖို့ဆိုရင် boron nitrde လို့ခေါ်တဲ့ သတ္ထုတစ်မျိုးပါတဲ့ စိန် ဒါမှမဟုတ် nanocrystalline diamond တွေ ကိုသုံးပြီးပဲခြစ်လို့ရနိုင်ပါတယ်။
စိန်ရဲ့မာကျောမှုဟာလည်း အထိုက်အလျောက်အားဖြင့် လက်ဝတ်ရတနာအဖြစ်ဝတ်ဆင်ပုံပေါ်လည်း မှုတည်ပါသေးတယ်။ သေသေချာချာအရောင်တင်၊ဖြတ်ထားတဲ့ စိန်နဲ့ပဲ ခြစ်မိနိုင်တာကြောင့် လက်ဝတ်ရတနာအဖြစ် ဝတ်ဆင်တဲ့အခါမှာ အကြမ်းခံပါတယ်။ နေ့တိုင်းဝတ်ဆင်လို့ အဆင်ပြေတဲ့ ရတနာတစ်ခုပါပဲ။

အမာကျောဆုံး သဘာဝစိန်တွေကို New South wales မှာရှိတဲ့ Copeton နဲ့ Bingara fields တွေမှာတွေ့ရပါတယ်။ ဒီစိန်တွေက သေးပြီးမာလွန်းလို့ တခြားစိန်တွေကို အရောင်တင်ဖို့၊ အကွက်ဖော်ဖို့အတွက်တောင်သုံးကြပါတယ်။စိန်ထဲမှာ အရိုးရှင်းဆုံး crystal growth ဖြစ်နေပြီး တခြားစိန်တွေလို crystal ပုံစံမျိုးစုံ၊အပြစ်အနာအဆာတွေ မပါပါဘူး။ Presure ခံနိုင်ရည်အားကတော့ ဘယ်စိန်ပဲဖြစ်ဖြစ် 6 million atmospheres ကျော်တဲ့အထိ ကွဲကြေသွားခြင်းမရှိပဲခံနိုင်ပါသေးတယ်။
စိန်ရဲ့မျက်နှာပြင်ဟာသဘာဝအားဖြင့် ရေမစိုနိုင်ပါဘူး။ ဒါပေမယ့် ဆီနဲ့ဆိုရင် အလွယ်တကူ စိုစွတ်ပြီး စွန်းထင်းနိုင်ပါတယ်။ ဒါကြောင့် လူလုပ်စိန်တွေလုပ်တဲ့အခါမှာ ဆီကိုအသုံးပြုပါတယ်။ စိန်မျက်နှာပြင်မှာ ions တွေ ပမာဏတစ်ခုအထိပါပြီးသားဖြစ်တာကြောင့် ရေခဲပြင်အလွှာတွေအောက်မှာတောင် ခံနိုင်ရည်ရှိပြီး စိုမသွားနိုင်ပါဘူး။ ဒါ့အပြင် စိန်တွေက သိပ်ပြီး chemical reaction မရှိပါဘူး။ သာမန်အခန်းအပူချိန်အောက်မှာတောင် စိန်က acid, base စတဲ့ chemical reagent တွေနဲ့တောင်ဓာတ်မပြုပါဘူး။ စိန်မျက်နှာပြင်ဟာ လေထု 850’C ရဲ့အထက်မှာသာ အောက်ဆီဂျင်နဲ့ဓာတ်ပြုနိုင်ပြီး 700’C နဲ့အထက်ဆိုရင်တော့ fluorine gas နဲ့ဓာတ်ပြုနိုင်ပါတယ်။
စိန်ရဲ့အရောင်တွေ
စိန်အစစ်တွေဟာ အထဲမှာရှိတဲ့ crystal structure တွေကို မြင်ရလောက်တဲ့အထိကြည်လင်ပြီးအရောင်မရှိပါဘူး။ စိန်အရောင်ဟာ အထဲဟာ crystal structure နဲ့ ဘယ်လောက်သန့်စင်သလဲဆိုတာအပေါ်မှုတည်ပါတယ်။ Nitrogen ဟာစိန်ထဲမှာ အတွေ့ရများပြီး Nitrogen ကြောင့် စိန်အရောင်ဟာ အဝါရောင်၊ အညိုရောင်အဖြစ် တွေ့ရတတ်ပါတယ်။ ဒါကြောင့် စိန်ကနည်းနည်းဝါနေရင် nitrogen များလို့ နည်းလို့ အစရှိသဖြင့်ခွဲနိုင်ပါတယ်။ စိန်ရဲ့အရောင်ဟာ အပြာဖြစ်နေရင်တော့ Boronဆိုတဲ့ chemical element ပါနေလို့ပါ။ စိန်ရဲ့အရောင်တွေမှာ နောက်ထပ်အချက်၂ချက်ကြောင့် အရောင်တွေထပ်ကွဲနိုင်ပါသေးတယ်။ ပထမတစ်ခုက ရောင်ခြည်သက်ရောက်တာ။ Irradiation ဖြစ်ရင်တော့ စိန်ဟာ အစိမ်းရောင်ဖြစ်နေမှာပါ။ နောက်တစ်ခုက Plastic deformation. ဒါကတော့ စိန်ကို အညိုရောင်၊ များသောအားဖြင့် ပန်းရောင်နဲ့ အနီရောင်ဖြစ်စေနိုင်ပါတယ်။ ပုံမှန်မဟုတ်တဲ့စိန်တွေကတော့ အဝါရောင်ဖြစ်နေတတ်ပြီး ဒီကနေမှ တခြားအရောင်တွေလည်းပြောင်းတတ်ပါတယ်။ ဒါ့အပြင် စိန်မှာ အနက်ရောင်ဆိုတာလည်းရှိပါတယ်။ ဒါပေမယ့် တကယ့်အနက်ရောင်မဟုတ်ပါဘူး။ စိန်အထဲမှာ အနက်ရောင် အမှုန်လေးတွေပါနေလို့ပါပဲ။
များသောအားဖြင့် အရည်မလဲ့တဲ့ စိန်တွေ၊ အရောင်ပါတဲ့စိန်တွေက များသောအားဖြင့် Nitrogen ပါနေလို့ပါပဲ။ ဒါကြောင့် စိန်ကိုကြည့်တဲ့အခါမှာ Gemological Institute of America (GIA) ဆိုတာရှိပါတယ်။ သူကတော့ အရောင်အလိုက် အဆင့်တွေခွဲပေးတာပါ။ သူကတော့ D to Z ရှိပါတယ်။ D ကတာ့ အနာအဆာမရှိ၊ အရောင်အလှဆုံး၊အစစ်ဆုံးလို့ပြောလို့ရတာပေါ့။ စိန်ဝယ်တဲ့အခါမှာလည်း ဒီအဆင့်ပေါ်မှုတည်ပြီး ဈေးကွဲသွားတာပါ။ D ကနေမှတဖြည်းဖြည်းလျော့သွားပြီး Z ကတော့ အဝါရောင်ဖောက်တဲ့ စိန်ပေါ့။ ဒါပေမယ့် တခြားcolor တွေလည်းရှိပါသေးတယ်။ GIA ကတော့ ပုံမှန်အတွက်သုံးတာပါ။ ကာရက်ကတော့ စိန်အရွယ်အစားကိုပြောတာဖြစ်ပြီး အရွယ်ကြီးတိုင်းလည်း အရည်လဲ့တယ၊ ်အရောင်ကြည်တယ် လို့ပြောလို့မရပြန်ပါဘူး။

စိန်ကို သူ့ရဲ့ လျှပ်ကူးနိုင်မှုပေါ်မှုတည်ပြီးလည်းခွဲခြားပါသေးတယ်။ သူ့မှာ မြင့်မားတဲ့ refractive index လည်းရှိပါသေးတယ်။သို့သော်လည်း တခြား Material တွေနဲ့ refractivity အတူတူလောက်ပါပဲ။ စိန်နဲ့ ဖန်တွေကိုဖြတ်တောက်တယ်လို့ဆိုပေမယ့်လည်း quartz လို material အသုံးပြုပြီး ဖြတ်တောက်ပါသေးတယ်။ စိန်တွေဟာဘယ်လောက်ပဲ စိန်အချင်းချင်းနဲ့မှ ခြစ်မိနိုင်တယ်ပြောပြော နှစ်ဖက်လုံး ပျက်စီးစေပါတယ်။
စိန်တွေကို ဘယ်နေရာတွေမှာ တူးဖော်နိုင်သလဲ?
စိန်တွေကိုများသောအားဖြင့် အာဖရိက အလယ်ပိုင်းနဲ့ တောင်ဖက်ပိုင်းမှာ တူးဖော်ရရှိနိုင်ပြီး Canada, India, Russia, Brazil, and Australia မှာလည်း တူးဖော်နိုင်ပါတယ်။ စိန်တွေကို kimberlite and lamproite volcanic pipes (အထဲမှာစိန်တွေရှိတဲ့ သတ္ထုကျောက်တုံး)တွေကနေ တူးဖော်ပါတယ်။ ဒီသတ္ထုတွေက ဖြစ်ပေါ်နိုင်တဲ့ လုံလောက်တဲ့ ဖိအားနဲ့ အပူချိန်ရှိတဲ့ အနက်မှာရှိပါတယ်။
စိန်အစစ်ဟာ အရေအတွက်နည်းလွန်းတဲ့ စိန်ပါဝင်နေတဲ့ ကျောက်တုံးသတ္ထုထဲမှာ ပါပါတယ်။ ဒီကျောက်တုံးကို စိန်တွေမထိအောင်လို့ ခြေမွပြီးတဲ့နောက်မှာ သိပ်သည်းမှုပေါ်လိုက်ပြီး စီပါတယ်။ လက်နဲ့ တစ်ခုချင်းစီရွေးထုတ်ပြီးနောက် X-ray ကိုသုံးပြီး စိန်ရဲ့ ထုထည်ကိုတိုင်းတာပါတယ်။
စိန်တူးဖော်ရောင်းဝယ်မှုဟာ အန္တာရာယ်များပြီး ငွေအများကြီးရတဲ့ လုပ်ငန်းတစ်ခုပါ။ တူးဖော်နိုင်တဲ့ နေရာလည်း အနည်းငယ်ပဲရှိပါတယ်။ စိန်တူးဖော်ရောင်းချတာဟာ ဥပမာပြောရရင် blood diamondတွေရောင်းချတာ၊ အာဖရိကက တရားဝင်မဟုတ်အဖွဲ့အစည်းများမှတဆင့်ရောင်းဝယ်တာ စတာတွေကြောင့် လူတွေကိုအန္တရာယ်ဖြစ်စေတဲ့ရောင်းဝယ်ခြင်းပါပဲ။
သမိုင်းမှာတော့ စိန်တွေကို အိန္ဒိယတောင်ပိုင်း Krishna မြစ်ရဲ့ ကျန်ခဲ့တဲ့ နှုန်းမြေမှာတွေ့ခဲ့ရပါတယ်။ အိန္ဒိယဟာ ခန့်မှန်းခြေ BC ၉ရာစုကနေ AD ၁၈ရာစုအထိ စိန်တူးဖော်ထုတ်လုပ်တဲ့နေရာမှာဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ခုလောလောဆယ်မှာတော့ အိန္ဒိယမှာ ထင်ရှားတဲ့စိန်တူးဖော်မိုင်းတစ်ခုကတော့ Panna မှာရှိပါတယ်။ ၁၈ရာစုနောက်ပိုင်းမှာတော့ အိန္ဒိယမှာ စိန်တူးဖော်တာက တဖြည်းဖြည်းအရှိန်ကျလာခဲ့ပြီးတော့ ဘရာဇီးမှာ စတင်တူးဖော်ခဲ့ပြန်တယ်။ ဘရာဇီးက အိန္ဒိယကလွဲပြီး စိန်ရှာတွေ့တဲ့နေရာပါ။
1870 လောက်မှာတော့ တောင်အာဖရိကမှာ စိန်တွင်းကိုရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီအချိန်ကနေစပြီး တောင်အာဖရိကမှာ စိန်တွေကိုတူးဖော်လိုက်တာဟာ 4,500,000,000 ကာရက် (900,000 kg) တောင်ရှိလာပါပြီ။ ဒီထဲက 20% ဟာ အနည်းဆုံး လွန်ခဲ့တဲ့ ၅နှစ်နဲ့ ၁၀နှစ်လောက်က ထုတ်ဖော်ခဲ့တာပါ။ ခုချိန်မှာ စိန်တူးဖော်ဖို့ မိုင်း ၉ခုရှိနေပြီး နောက်ဖွင့်မယ့် မိုင်း ၄ခုရှိနေပါတယ်။ မိုင်းအများစုက Canada, Zimbabwe, Angola နဲ့ Russia မှာတစ်ခုရှိပါတယ်။ US မှာကတော့ Arkansas, Colorado, New Mexico, Wyoming, and Montana မှာတွေ့ရှိနိုင်ပါတယ်။ Arkansas မှာရှိတဲ့ The Crater of Diamonds State Park ကလူတွေ ဝင်ကြည့်လို့ရပြီး လူတိုင်းစိန်တူးဖော်လို့ရတဲ့တစ်ခုတည်းသော မိုင်းလည်းဖြစ်ပါတယ်။
ဒီနေ့မှာတော့ စီးပွားရေးအရ ရောင်းချလို့ဈေးကောင်းတဲ့စိန်တွေကို Russia,Botswana, Northern and Southern Austrila, Democratic Republic of the Congo စတဲ့နိုင်ငံတွေက အများဆုံးထုတ်လုပ်ပါတယ်။
2005 ခုနှစ်မှာတော့ Russia က ကမ္ဘာ့စိန်ဈေးကွက်ရဲ့ ၅ပုံ၁ပုံလောက်ကို စိန်တွေထုတ်တယ်လို့ British Geological Survey အရသိရပါတယ်။ Australia မှာတော့ စိန်ပါဝင်တဲ့သတ္ထုကျောက်တုံးတွေကို အများဆုံးထုတ်လုပ်နိုင်ပါတယ်။ 1990 နှစ်တွေမှာ တစ်နှစ်ကို 420 metric tons ထုတ်ပေးနိုင်တဲ့ Argyle diamond mine က Australia မှာရှိတာပေါ့။ Canada နဲ့ Brazil မှာရှိတဲ့ Northwest Territories တွေမှာလည်း ဈေးကွက်ထဲမှာ ရောင်းချနေတဲ့စိန်တွေကို တူးဖော်ပါတယ်။ ဒီထက်လည်းအများကြီးရှိပါသေးတယ်။ စိန်တူးဖော်တာက ကမ္ဘာ့မြေကြီးကို ရွေတွင်းတွေလောက် အန္တရာယ်မပေးနိုင်ပေမယ့်လည်း အန္တရာယ်ရှိနေဆဲပါပဲ။
စိန်ဈေးကွက်
စိန်ဈေးကွက်ကို De Beers group ကနေ ဆယ်စုနှစ်များစွာ ချုပ်ကိုင်ခဲ့ပါတယ်။ De Beers Group က အာဖရိကရဲ့စိန်တူးဖော်တဲ့မိုင်းတွေကို ပိုင်ဆိုင်ပါတယ်။ ဒါပေမယ့် 1980 နဲ့ 1990 နှစ်တွေမှာ Canada နဲ့Austrila မှာ မိုင်းတွေအသစ်ပေါ်လာတဲ့နောက်မှာ သူက သိပ်ပြီးဈေးကွက်ကို မထိန်းချုပ်နိုင်တော့ပါဘူး။ 1991 ဆိုဗီယက်ယူနီယံ ဖြစ်ပေါ်လာပြီးနောက်ပိုင်းမှာ ဈေးကွက်ထဲကို ရုရှားစိန်အပေါစားတွေစပြီးဝင်လာခဲ့တယ်။ ဒါပေမယ့်လည်း De Beers ကိုကျော်လွန်ဖို့ ခက်ခဲနေဆဲဖြစ်ခဲ့ပါတယ်။ ခုချိန်ထိ De Beers ဟာ အာဖရိကစိန်တွင်းတွေကို ဆက်လက်တူးဖော်နေဆဲဖြစ်ပေမယ့် ကမ္ဘာ့စိန်ဈေးကွက်ရဲ့ ၃ပုံပုံ၁ပုံသာ ထုတ်လုပ်နိုင်ပါတော့တယ်။
စိန်ဟာ ချမ်းသာခြင်းနဲ့ ချစ်ခြင်းမေတ္တာရဲ့သင်္ကေတတစ်ခုပါ။ လူတွေက လက်ဝတ်ရတနာအဖြစ်ဝတ်ဆင်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ တချို့ကျတော့လည်း အယူတွေအရ ဝတ်ဆင်ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စိန်က လှပြီးဈေးကြီးပေမယ့် ပြန်ရောင်းရင် မတန်ဘူးဆိုတာလည်း ရှိကြသေးတာမဟုတ်လား။ တန်ဖိုးကြီးတဲ့အပြင် လှလည်းလှ၊ တခြားရတနာတွေနဲ့ယှဉ်ရင်လည်း ရှားသေးတာကြောင့်ဝတ်ကြတာပါပဲ။ ဒါပေမယ့် ကမ္ဘာပေါ်မှာသာရှားတာ အာကာသထဲမှာတော့ စိန်တွေပေါလို့ပါပဲ။
အာဖရိကစိန်တွင်းတွေမှာ မိုင်းအလုပ်သမားတွေက တစ်ရက်ကို တစ်ဒေါ်လာပဲအနည်းဆုံးရပါတယ်။ဒါ့အပြင် ကလေးတွေလည်း အလုပ်လုပ်ကြရပါတယ်။ စိန်တွင်းတွေကြောင့် မြေဆီလွှာပျက်စီးခြင်း၊ သစ်တောတွေပြုန်းတီးခြင်း၊ ecosystem ထိခိုက်ပျက်စီးခြင်းတွေဖြစ်ပါတယ်။ ဒါ့အပြင် Blood diamonds တွေရရှိနိုင်တဲ့နေရာတွေမှာဆိုရင် သေချာတဲ့ ဥပဒေလည်းမရှိပါဘူး။ Blood diamond ဆိုတာကတော့ စစ်ပွဲတွေကြား၊ စီးပွားရေးအကျပ်အတည်းတွေကြားက မှောင်ခိုရောင်းချတဲ့ စိန်တွေကိုခေါ်တာပါ။ ဒီနေရာတွေမှာဆို စိန်တွေက ဘယ်နေရာကလာလဲ? ဆိုတာကို လိုက်ခြေရာခံလို့တောင်မရပါဘူး။ ဒါကြောင့် 2003 ခုနှစ်မှာ Kimberlay Process ဆိုတာစတင်ပေါ်ပေါက်လာခဲ့ပါတယ်။သူက စိန်တွေကို certificate လုပ်ထားပေးတာပါ။ သူကစိန်ရဲ့တူးဖော်တဲ့နေရာ၊ အရွယ်အစား၊ အရည်အသွေးကို ကြည့်နိုင်ပြီး blood diamonds တွေဟုတ်မဟုတ်ဆိုတာကို သိနိုင်ပါတယ်။ ဒါကြောင့် စိန်ဝယ်ရင် certificate ပါတဲ့ စိန်တွေက တစ်ဈေးသက်သက်ရှိတာဖြစ်ပါတယ်။
တကယ်ပဲ စိန်တွေဝတ်တာက ချမ်းသာတာလား? ကမ္ဘာမြေကြီးရဲ့ သယံဇာတတွေကို ဖြုန်းတီးပစ်နေတာပါပဲလား? လူသားတွေကို ပင်ပန်းဆင်းရဲအောင် တစ်ဖက်တစ်လမ်းကနေ လုပ်နေမိတာလား? ဆိုတာတွေးကြည့်စရာပါပဲ။
Credit: San Yoon Tin (မူရင်းရေးသားသူ)